ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၂-၉-၂၀၂၂) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ၌ နေကြာဆီထွက်သီးနှံ ဧက ၅၀ စိုက်ပျိုးရန် နှင့်ငွေစာရင်းထိန်းသိမ်းနည်း၊ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းအား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ထို့သို့ သင်တန်းဖွင့်လှစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ဒေသတွင်း စားသုံးဆီဖူလုံနိုင်စေမည်ဖြစ်ပြီး ကျေးလက်နေပြည်သူလူထုဘဝ ပိုမိုမြှင့်တင်လာမည်ဖြစ်ပါကြောင်း သင်တန်းတာဝန်ရှိသူများထံမှ သိရှိရပါသည်။