Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဂွမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲအပ်ပွဲ အခမ်း အနားကျင်းပခြင်း

26 September 22

       ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင် ကျေးရွာစီမံကိန်း Type-1 အမျိုးအစား ကျေးရွာ (၂) ရွာဖြစ်သည့် ကြွေချိုင်အုပ်စု၊ ကူးတို့လေး ကျေးရွာ နှင့် ကင်းပုံကျေးရွာအုပ်စု ကမ်းသာယာကျေးရွာတို့အား ရန်ပုံငွေ ကျပ် (၃၀၀) သိန်း အား ၁၉.၉.၂၀၂၂ ရက် တနင်္လာနေ့တွင်ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျေးရွာလုပ်ငန်းအဖွဲ့အား မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်မှ မြို့နယ်လုပ်ငန်း အဖွဲ့ ရှေ့မှောက်တွင် လွှဲအပ်ခဲ့ကြောင်း သိရှိရပါသည်။