Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း

26 September 22

       ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းအကောင်အထည်ဖော်ရေးဆင့်ပွားသင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ သင်တန်း ဖွင့်ပွဲတွင် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးတင့်ဝေမှ အဖွင့် အမှာ စကားပြောကြားပြီး အဆိုပါသင်တန်းသို့ ပြည်နယ်/ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများမှ အရာထမ်း၊ အမှုထမ်း(၂၆)ဦးတက်ရောက်ပြီး သင်တန်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)၌ ဖွင့်လှစ်သော သင်တန်းတွင် သင်ကြားခဲ့သည့် သင်တန်းဆင်းဝန်ထမ်းများမှ (၂)ရက်ကြာသင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။