ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော တောဟိုင်ကျေးရွာအုပ်စု ၊ ကြို့ကုန်းကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသည့်ရေပေးရေးလုပ်ငန်းနှင့်ကုန်ထုတ်လမ်းလုပ်ငန်းများအားစက်တင်ဘာ ၂၅ ရက်နေ့တွင်ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဌာနဆိုင်ရာများမှ တာ ဝန်ရှိသူများကွင်းဆင်းလိုက်ပါ ကြည့်ရှု့ခဲ့ကြောင်းသိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသူ နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာကော်မတီဝင်များနှင့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ နှင့်အတူ ကြို့ကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ကုန်ထုတ်လမ်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်အတူလိုက်ပါ ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည် များမှာကြားခဲ့သည်။
ကြို့ကုန်းကျေးရွာသည် သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်းကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၂၅.၄၆ သန်းဖြင့် ပျူတိုင်းသား ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း နှင့် ကြို့ကုန်းကျေးရွာ ကုန်ထုတ်လမ်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်သန်း ၁၅၇.၂၂၀သန်း ဖြင့် တုနှိုင်းမဲ့ဧကရီ ကုမ္ပဏီက တာဝန်ယူ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၂)ရွာတွင် ဆောင်ရွက်လျှက်ရှိသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပဲခူးတိုင်းဝန်ကြီးချုပ်က ကြည့်ရှု့စစ်ဆေးရာတွင် အဆိုပါလုပ်ငန်းများအား ကျေးရွာသူ/သားများ အနေဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လမ်းညွှန်မှာကြားချက်များ ပြုလုပ်ခဲ့ကြောင်းသိရသည်။