Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြည်မြို့နယ် လက်ပံတောကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

28 September 22

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် လက်ပံတောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက် နေမှု အခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ၂၆ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးဦးမျိုးအောင်၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများက လက်ပံတောကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

          လက်ပံတောကျေးရွာတွင် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာငါးရွာ မှ လယ်ဧက ၁၂၀၀အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။