ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆင်စွယ်ရ ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး လုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရပြီး ဆင်စွယ်ရ ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၇၆ ဒသမ ၂၀၃ သန်းဖြင့် ရေပေးရေးလုပ်ငန်းကို တင်ဒါ အောင်မြင်ခဲ့သည့် ကုမ္ပဏီက ဆောင်ရွက်လျက်ရှိရာ ထိုသို့ ဆောင်ရွက်ရာတွင် ရေဂါလံ ၅၀၀၀ ဆံ ရေစင်တည် ဆောက်ခြင်းနှင့် Solar Pump ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေး ရေးလုပ်ငန်းကို ဆင်စွယ်ရကျေးရွာ၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီပါက ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၁အိမ်၊လူဦးရေ ၄၉၉ဦး တို့မှာ သောက်သုံးရေလုံလောက် စွာရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။