စစ်ကိုင်း စက်တင်ဘာ လ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်သည့် စစ်ကိုင်းခရိုင်၊စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ၌ "အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု လူသုံးကုန်ဆပ်ပြာထုတ်လုပ်နည်းသင်တန်း"ဖွင့်ပွဲအခမ်းအနားကို (၂၀-၉-၂၀၂၂)ရက်နေ့တွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သမဝါယမဦးစီးမှူး ဦးမြင့်လေး၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ AD ဦးဝေလျှံစိုး၊ စစ်ကိုင်းခရိုင်ကျေးလက်မှ AD ဒေါ်ခင်သီတာစိုးနှင့် စစ်ကိုင်းမြို့နယ်မှ ADဒေါ်အေးအေးသက်တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ပထမဦးစွာ စစ်ကိုင်းမြို့နယ်ဦးစီးမှူး AD ဒေါ်အေးအေးသက်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို အမှာစကားပြောကြားခဲ့သည်။ထို့နောက် သမဝါယမဦးစီးမှုး ဦးမြင့်လေးမှ အဆိုပါသင်တန်းတွင် သင်ကြားပေးသည့် ပညာရပ်များကို မြေပြင်တွင် လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေလိုကြောင်းနှင့် ကိုယ်တိုင်ထုတ်လုပ် ကိုယ်တိုင်သုံးစွဲသည့်အတွက် အချိန်ကုန် ငွေကုန်သက်သာကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန AD ဦးဝေလျှံစိုးမှ သင်တန်းမှ ရရှိသော ပညာရပ်များဖြင့် လက်တွေတွင် ထုတ်လုပ်ရရှိသော ကုန်ကြမ်း၊ကုန်ချောရောင်းဝယ်ခြင်းများကို ၎င်းတို့ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆရာ ဦးရဲထက်မောင် မှ အဆိုပါသင်တန်းအား (၂၀.၉.၂၀၂၂)ရက်နေ့မှ (၂၆.၉.၂၀၂၂)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်မည့်ဖြစ်၍ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ဦးစီးမှူး AD ဒေါ်အေးအေးသက်ထံမှ သိရှိရပါသည်။
ကိုမြတ်