ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝိန်းကောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ ၁၉ရက်တွင် ဆဌမအကြိမ် မြစိမ်ရောင်ချေး ငွေထုတ်ချေးခြင်းဆောင်ရွက်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရန် စီမံကိန်းများရေးဆွဲပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအခါစီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ် ငန်းများ လုပ်ကိုင်သူ စုစုပေါင်း ၄၄ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၃၄ သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခြင်း ဖြစ်သည်။
အဆိုပါ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဦး ဦးဆောင်၍ ဝန်ထမ်းများက ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။