ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာသုံးရွာတွင် အိမ်အရောက် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ပြီးကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် နှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ သိုင်းချောင်းကျေးရွာ၊ပြားကျွိန်ကျေးရွာ၊ရှောက်ချောင်းကျေးရွာတွင် အိမ်အရောက်ရေပိုက်သွယ်တန်းခြင်း အခြေအနေကို ကြည့်ရှုးစစ်ဆေးပြီး မြို့နယ် ဦးစီးမှူး ဦးကျော်ဝင်နိုင်က လိုအပ်သည်များကို မှာကြားခဲ့ရာ သိုင်းချောင်းကျေးရွာ၊ ပြားကျွိန်ကျေးရွာနှင့် ရှောက်ချောင်းကျေးရွာတွင် အိမ်အရောက် ရေပိုက်လိုင်း (၄၉၃၈၁) ပေ သွယ်တန်းခြင်းလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း သုံးပစ္စည်းများ ကို unicef က ပံ့ပိုးပြီး ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာ ပံ့ပိုး၍ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း၊အဆိုပါကျေးရွာသုံးရွာတွင် အိမ်အရောက်ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောာင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၉၈)အိမ်မှ လူ(၂၂၅၆) ဦး အကျိုးပြုမည်ဖြစ်ကြောင်း ကျောက်ဖြူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး မှ ပြောပြခဲ့ကြောင်း သိရှိရပါသည်။