Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဖြူမြို့နယ်၌ ရေပေးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးခြင်း

10 September 22

        ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင်   ကျောက်ဖြူမြို့နယ် အတွင်းရှိ    သိုင်းချောင်း  ကျေးရွာအုပ်စု၊ သိုင်းချောင်း ကျေးရွာ၊ ပြားကျွိန်ကျေးရွာနှင့် ကပ်သပြေကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာတို့တွင် ပြည်သူ+ ကျေးလက်+ယူနီဆက်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် အိမ်သွယ်ရေတိုင်စနစ်ဖြင့် ကျေးလက်ရေ ပေးရေးလုပ်ငန်းများကို မြို့နယ်ဦးစီးမှူး၊ ဦးကျော်ဝင်းနိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မျိုးအောင်တို့မှ (၈.၉.၂၀၂၂)ရက်နေ့တွင် ကွင်းဆင်း၍ နည်းပညာလိုအပ်ချက်များ ပံ့ပိုးကူညီပေးခြင်းနှင့် အချိန်နှင့် တပြေးညီ ပြီးစီးရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာအုပ်စုအတွင်းရှိ သိုင်းချောင်းကျေးရွာနှင့်ပြားကျွိန် ကျေးရွာတို့အား သိုင်းချောင်းဆည်မှ ဆိုလာရေတင်စနစ်ဖြင့် ရေပိုက်လိုင်းသွယ်ယူကာ အဆိုပါ ဆည်တွင်ရေဂါလံ(၂၀၀၀၀)ဆန့်၊ရေစုကန် (၁)ကန်တည်ဆောက်ခြင်းလုပ်ငန်း(၂၅’x၂၀’x၆’)လုပ်သား အင်အားဆောင်ရွက်ရခြင်းတို့အပြင် ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းတို့ပါ ကျေးရွာသူ/ကျေးရွာတို့မှ ဆောင်ရွက်ခဲ့ကြသည်။ ကပ်သပြေကျေးရွာအုပ်စု၊ရှောင်ချောင်းကျေးရွာ တွင်လည်း မြေသားရေကန် မှ ဆိုလာပန့်စနစ်ဖြင့် ကျေးရွာအနီးရှိ တောင်တန်းပေါ်တွင် ကျေးရွာမှ ရေဂါလံ(၈၅၀၀)ဆံ့ရေစုကန် (၁)ကန် တည်ဆောက်ခြင်းလုပ်ငန်း(၁၅’x၁၅’x၆’)လုပ်ငန်းနှင့် ရေပိုက်တူးဖော်ခြင်း၊လုပ်သားအင်အား ဆောင်ရွက်ရခြင်း၊  ရေမီတာ  တပ်ဆင်ခြင်း လုပ်ငန်းတို့ပါ ကျေးရွာသူ/သား များကဆောင်ရွက်ရပြီး အဆိုပါ ကျေးရွာ(၃)ရွာတို့တွင် ယူနီဆက်မှ ဆိုလာပန့်(၃)ဆက်လိုအပ်သော ရေပိုက်များကို ထောက်ပံ့ပေးခြင်းနှင့်  ကျောက်ဖြူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆိုပါ အိမ်သွယ်ရေတိုင်စနစ် ရေးပေးရေးလုပ်ငန်းဖြစ်မြောက်ရေးအတွက် လိုအပ်သောနည်းပညာ ထောက် ပံ့ပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ကျေးရွာကော်မတီ အနေဖြင့်ရေဖိုးရေခများ ကောက်ခံခြင်းလုပ်ငန်းတို့ပါ ပူးပေါင်းဆောင်ရွက်ပေးသွားပါမည်ဖြစ်ရာ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက သိုင်းချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၂)ရွာ၊ သိုင်းချောင်းကျေးရွာ အိမ်ခြေ (၁၈၈)အိမ်၊ လူဦးရေ(၈၄၂)ဦး၊ ပြားကျွိန်ကျေးရွာအိမ်ခြေ (၂၁၀)အိမ်၊ လူဦးရေ(၉၇၃)ဦး၊ ကပ်သပြေကျေးရွာအုပ်စု ရှောက်ချောင်းကျေးရွာ အိမ်ခြေ(၁၀၀)အိမ်၊ လူဦးရေ(၄၄၆)ဦး၊ စုစုပေါင်း အကျိုးပြုအိမ်ခြေ(၄၉၈)အိမ်၊စုစုပေါင်း အကျိုးပြု လူဦးရေ (၂၂၅၆)ဦးတို့မှ သန့်ရှင်းသော သောက်သုံးရေများကို ဖူလုံစွာ ရယူသုံးစွဲဖြစ်ပြီး ကျေးရွာရန်ပုံငွေ တစ်ရပ်အနေဖြင့် တဖက်တလမ်းမှ အထောက်အကူပြု၍ ကျေးလက်နေ ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာစေကာ လူနေမှုအဆင့်မြင့်မား လာစေမည့် အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်ကြောင်း သိရှိရပါသည်။