Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းကိုဆဌမအကြိမ်မြောက်ပြန်လည်ထုတ်ချေးခြင်း

21 September 22

         ရခိုင်ပြည်နယ် ၊ကျောက်ဖြူခရိုင် ၊ရမ်းဗြဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လေးတောင်မြို့ ၊ အမှတ်(၁) ရပ်ကွက်၊ ရွာဟောင်းရပ်ရှိ နေထိုင်းသူများအား အလုပ်အကိုင်းအခွင့်အလမ်းများရရှိပြီး ၊ မိသားစုဝင်ငွေ တိုးပွား လာစေခြင်းဖြင့် ဆင်းရဲမှုလျော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ရေလုပ်ငန်း ၊အရောင်းအဝယ် ၊ အသက်မွေးဝမ်းကျောင်းများဖြစ်သော ဝင်ငွေတိုး  စီးပွားရေး  လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့်အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းအဖြစ်  မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက် ရှိရာ ဆဌမအကြိမ်  လည်ပတ်ရန်ပုံငွေ ထုတ်ချေးမှုအနေဖြင့် ရွာဟောင်းရပ် နေပြည်သူများအား ယနေ့ နေ့လည်ပိုင်းက ထုတ်ချေးပေးလျက်ရှိရာ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းနှင့် မြစိမ်းရောင်စီမံကိန်း   လုပ်ငန်းအဖွဲ့တို့က အနီးကပ်ကြီးကြပ် ပေးခဲ့ကြပြီး ရွာဟောင်းရပ် မြစိမ်းရောင်စီမံကိန်း ဆဌမ အကြိမ်အဖြစ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းအဖြစ် ထုတ်ချေးပေးခဲ့မှုအနေဖြင့် စိုက်ပျိုးရေးအတွက် (၃၃)ဦးကိုထုတ်ချေးပေးငွေ (၁၁၆)သိန်း ၊ မွေးမြူရေးအတွက် (၄၆)ဦး ထုတ်ချေးငွေ(၁၆၅)သိန်း၊ရေလုပ်ငန်း အတွက် (၂)ဦးကို ထုတ်ချေးငွေ (၇.၅ )သိန်း ၊ အရောင်းအဝယ်လုပ်ငန်း အတွက် (၂၆)ဦးကို ထုတ်ချေးငွေ (၉၅ )သိန်း ၊ အသက်မွေးဝမ်းကျောင်းအတွက်လုပ်ငန်းအတွက် ( ၅ )ဦးကိုထုတ်ချေးငွေ (၁၇.၅ )သိန်း တို့ဖြစ်ကြပြီး ချေးယူသူ စုစုပေါင်းအနေဖြင့် ( ၁၁၂ )ဦးအား စုစုပေါင်းထုတ်ချေးမှုအနေဖြင့် ( ၄၀၁ )သိန်းဖြစ်ကြောင်း သိရှိရပါသည်။