ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ရန်ကုန်ရာဘာခြံကျေးရွာအုပ်စု တန်းလျားလေးကျေးရွာတွင် ရာသီမရွေးသွားလာနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ကာ ပြည်သူများသွားလာရေးအဆင်ပြေစေရန် ကျေးရွာတွင်း အရှည် ၄၈၈ပေ၊ အကျယ် ၁၀ပေ၊ ဒုခြောက်လက်မကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါလမ်းအားစီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀) ပြည်သူထည့်ဝင်ငွေ ကျပ်(၁၀)သိန်း စုစုပေါင်း ကျပ်သိန်း(၁၁၀)ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လုပ်ငန်းခွင်သို့တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦ:ပြည့်စုံမောင်မောင်၊ စီမံကိန်းတာဝန်ခံ(ဒုတိယဦးစီးမှူး) ဦးနိုင်လင်းတို့က စက်တင်ဘာလ ၁၉ ရက် နံနက် ၁၀နာရီနေ့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီး လမ်းလုပ်ငန်း သတ်မှတ်အရည်အသွေး ၊စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ရက်အတွင်းပြီးစီးစေရေး ၊ အလေအလွင့် နည်းပါးစေရေး ၊ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အလေးထားလုပ်ဆောင်ကြရန် တာဝန်ရှိသူ များအားမှာကြားခဲ့ကြောင်း သိရသည်။