Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့ကရိတ်မြို့နယ်ရှိ ညီညာသာလင်းကျေးရွာ CFW စီမံကိန်း ​ကျေးရွာတွင်းကွန်ကရစ်လမ်းခင်း​လုပ်ငန်းဆောင်ရွက် "

19 September 22

သမဝါယမနှင့်​ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုး​တိုးတက်​ရေးဦးစီးဌာန၊ ​ကော့ကရိတ်မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးမှ  ၂၀၂၂-၂၀၂၃ခုနှစ် ဘတ်ဂျက်တွင် CFW စီမံကိန်းရန်ပုံ​ငွေ ကျပ် (၁၀.၀) သန်းဖြင့် ​ကော့ကရိတ်မြို့နယ် ​ရေပူကြီးကျေးရွာအုပ်စု  ညီညာသာလင်းကျေးရွာ၌ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေနေမှုကို  ​ကော့ကရိတ်မြို့နယ်ဦးစီးမှူး ဦး​စောဆား​ဒေါက်​ဖော့နှင့် အင်ဂျင်နီယာများက စက်တင်ဘာလ ၁၃ ရက်​နေ့တွင် ကွင်းဆင်းစစ်​ဆေးသည်။
ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အရှည် (၃၀၀'×၁၀'×၆") နှင့် (၁၅၇၀'×၂'×၂' )လမ်း​ဘေး ဝဲ/ယာ ​ရေ​မြောင်းတူးခြင်းလုပ်ငန်း တို့သည် CFW စီမံကိန်းရန်ပုံ​ငွေ ကျပ်သိန်း (၁၀၀) အသုံးပြု၍ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ​ကျေးရွာသား/သူ များကိုယ်တိုင် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုကို ကြည့်ရှုစစ်​ဆေးကြောင်း သိရသည်။