Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိတ္ထီလာမြို့နယ်၌ သောက်သုံးရေဖူလုံစေရေး မြေသားရေကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း

19 September 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု၊ တုံးအိုင်ကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

                   သီးကုန်းကျေးရွာအုပ်စု၊ တုံးအိုင်ကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲ မရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုငွေ ငွေကျပ် ၆ဒသမ ၄၁၃သန်းဖြင့် တုံးအိုင်ကျေးရွာ၌ အလျားပေ ၁၅၀၊ အနံပေ ၁၅၀ မြေသားရေကန် ပြန်လည် တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇွန် ၇ ရက်က စတင်ဆောင်ရွက်ရာ လက်ရှိတွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

                   အဆိုပါလုပ်ငန်းများ ပြီးစီး၍ သီးကုန်းကျေးရွာအုပ်စု ၊ တုံးအိုင်ကျေးရွာရှိ ဒေသခံ ပြည်သူများ ရာသီမရွေး သောက်သုံးရေ အဆင်ပြေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။