မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကြာကန်ကျေးရွာအုပ်စု၊ ထနောင်းအိုင့် ကျေးရွာတွင် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေ ၁၇ဒသမ ၂၄၃ သန်းဖြင့် ထနောင်းအိုင့်ကျေးရွာတွင် အလျား ၂၇၅ ပေ၊ အနံ ၂၂၀ပေ၊ အနက် ၃ပေရှိ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဇူလိုင် ၁၉ရက်နေ့က ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး၍ ကြွယ်ကန်ကျေးရွာအုပ်စု ထနောင်းအိုင့် ကျေးရွာရှိ ဒေသခံပြည်သူများမှာ ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ပါ သည်။