မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၃၈ ရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၈၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း မိတ္ထီလာမြို့နယ်မှ ကျေးရွာ ၁၈ ရွာ၊ မလှိုင်မြို့နယ်မှ ကျေးရွာ ၈ ရွာနှင့် ဝမ်းတွင်းမြို့နယ်မှ ကျေးရွာ ၄ ရွာတို့၌ ကျေးရွာတွင်းလမ်း အဆင့်မြင့် တင်ခြင်းလုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများကို ကျေးရွာ ၁ ရွာလျှင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းမှ ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာလူထု၏ လုပ်အားများဖြင့် ဩဂုတ်လ တတိယပတ်မှစတင်၍ သက်ဆိုင်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများက ကြီးကြပ်ပြီး ကျေးရွာသူ/သားများက အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်ရာတွင် မြို့နယ် အတွင်းရှိ ကျေးရွာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှ လုပ်ငန်းအဆင့်ဆင့် ရေးဆွဲနည်း သင်တန်းများ ပို့ချခြင်း၊ လုပ်ငန်းများဆောင်ရွက်ရန် ဦးစားပေးရွေးချယ်ခြင်း၊ ကျေးရွာသူ/သား များ ပူးပေါင်းပါဝင်၍ အဖွဲ့အစည်းနှင့် ဆောင်ရွက်တတ်စေရန် လေ့ကျင့်ပေးခြင်းတို့ကြောင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ သဘာဝဘေးများနှင့် ကြုံတွေ့လာပါက တုံ့ပြန်မှုကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက် စေခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိစေမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။