Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မလှိုင်မြို့နယ် လျော်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းပြုလုပ

06 September 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ်တွင် ယာကြီးကုန်းကျေးရွာအုပ်စု၊ လျော်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

      ရှေးဦးစွာ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကြောင်းအရာများ၊ အကျိုးကျေးဇူးများ၊ အတိုးနှုန်းနှင့် ကာလ သတ်မှတ်ချက်များကိုရှင်းလင်းပြောကြားသည်။

      ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဝင်ရွေးချယ်ရမည့် စည်းမျဉ်းစည်းကမ်း များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး အစည်းအဝေးတက်ရောက်လာသည့် ကျေးရွာသူ/သားများက ကော်မတီဝင်ခုနှစ်ဦးကိုအများသဘော ဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

      မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေကြာအပါအဝင် ဆီထွက် သီးနှံစိုက်ပျိုးမည့် တောင်သူများလိုအပ်လျက်ရှိသော မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ချေးငွေများထုတ်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စုစုထံမှ သိရသည်။