Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းယောင်းမြို့နယ် ဖတ္တူကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး "

08 September 22

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ဖတ္တူကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းယောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်း၊ တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများနှင့် ကုမ္ပဏီမှတာဝန်ရှိ သူများက ဖတ္တူကျေးရွာတွင် ကျေးလက်ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်းအရှည် သုံးမိုင် နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိ ရပ်ဖများ၊ ကျေးရွာရေပေးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

          ဖတ္တူကျေးရွာတွင် အဆိုပါကျေးလက်ရေရရှိရေးလုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၆၀ ဒဿမ ၂၉၉ သန်းဖြင့် တင်ဒါအောင်မြင်သည့် Halo Moon Myanmar ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၃ အိမ်၊ လူ ၁၄၅ ဦး နှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မိုင်းယောင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံလင်းထံမှ သိရသည်။