Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုင်းဆတ်မြို့နယ် ကာနကျေးရွာတွင် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်၊ ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေးခြင်း"

13 September 22

မိုင်းဆတ်မြို့နယ် ကာနကျေးရွာ (Smart Village ) တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခြင်းနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း က အဆိုပါကျေးရွာတွင်ပြုလုပ်ခဲ့ကြောင်း မိုင်းဆတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မှ သိရသည်။

          ရှေးဦးစွာ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးအောင်ဟိန်းကျော်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး တာချီလိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးကိုကိုသက်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရ သည်။

          ထို့နောက် မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးက (Smart Village )စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။

          သင်တန်းဖွင့်ပွဲအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့် တာဝန်ရှိသူများသည် ကာနကျေးရွာ (Smart Village) တွင် သမဝါယမဦးစီးဌာနမှ ပံ့ပိုးသော ထွန်စက်ကြီးများ အခြေခံအဆောက်အအုံလုပ်ငန်းများဖြစ်သော CFW စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း  မိုင်းဆတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။