Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုဏ္ဏားကျွန်းမြို့နယ်၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြေသားရေကန်တူးဖော်ခြင်းနှင့်ခြံစည်းရိုးကာရံခြင်း

06 September 22

       ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လေးမြို့တော်ဝင်ကုမ္ပဏီမှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တာဝန်ယူဆောင်ရွက်မည့် တံဘက်လှန်းကျေးရွာ မြေသားရေကန်(၁၀၀’× ၁၀၀’×၆’) တူးဖော်ခြင်းနှင့်  ခြံစည်းရိုးကာရံခြင်း(၆၀၀’ ×၅’)လုပ်ငန်းဆောင်ရွက်ရန်အတွက် ပစ္စည်းစုဆောင်းထားရှိမှုအား သြဂုတ်(၃၀)ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဦးစီးမှူး၊ ဦးကျော်သန့်ဇင် (လက်ထောက်ညွှန်ကြားရေးမှူး၊ နည်းပညာ)နှင့်အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါကျေးရွာတွင် မြေသားရေကန် တူးဖော်ပြီးစီးပါက တံဘက်လှန်းကျေးရွာနေ အိမ်ခြေ(၁၆၂)အိမ်၊လူဦးရေ(၇၅၃)ဦးတို့အား သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။