Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပေါက်တောမြို့နယ်မှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာရွေးချယ်ခြင်း

07 September 22

         ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်  ၊ ပေါက်တောမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာ ရေးနှစ်တွင် မြင့်ဂါအုပ်စု ပြားသူကြွယ်ကျေးရွာ၌ ကျေးရွာ ဖွံဖြိိုးတိုးတက်ရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရာသို့ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးဦးသန်းထွန်းနှင့် ဝန်ထမ်းများမှ  ကွင်းဆင်းကာ ကျေးရွာလူထုနှင့် တွေ့ဆုံပြီး  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မိတ်ဆက်ရှင်းလင်းပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီ များအားပွင့်လင်းမြင်သာစွာ ရွေးချယ်ပြီး အဆိုပါကျေးရွာများတွင် နိုင်ငံတော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ထောက်ပံငွေ ကျပ်သိန်း(၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာများမှ ရွေးချယ်သည့် ဦးစားပေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၁၅)ရွာကို နိုင်ငံတော်ထောက်ပံငွေကျပ်သိန်း(၁၀၀)စီနှင့် ပြည်သူလုပ်အား ထည့်ဝင်ငွေများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။