ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ရသေ့တောင်မြို့နယ်၊ ကြက်ရိုးဆိပ် ကျေးရွာအုပ်စု၊ ဘုရားလှကျေးရွာ ကုန်ထုတ်လမ်း၊ ကွန်ကရစ်တံတားနှင့် Box Culvert (၂) စင်း ပြုလုပ်ခြင်း လုပ်ငန်းအား စက်တင်ဘာ လ ၄ ရက်နေ့က မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး (လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)) နှင့် ဌာန ဝန်ထမ်းများ၊ ရွှေနှစ်ခိုင် ကုမ္ဗဏီမှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းပြီး ကုန်ထုတ်လမ်း ပြုလုပ်မှု အခြေအနေ၊ ကွန်ကရစ်တံတား တည်ဆောက်နေခြင်းနှင့် Box Culvert (၂) စင်း ပြုလုပ်ခြင်းများကို ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ရသေ့တောင်မြို့နယ် ကြက်ရိုးဆိပ်ကျေးရွာအုပ်စုပ် ၊ ဘုရားလှကျေးရွာ ကုန်ထုတ်လမ်း၊ ကွန်ကရစ်တံတားနှင့် Box Culvert (၂) စင်း ပြုလုပ်ခြင်း လုပ်ငန်းအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေကျပ် ၁၂၁ ဒသမ ၃၆၆ သန်း ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။