ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျုံးကျုံးကျကျေးရွာတွင် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၌ မြိစိမ်းရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် မွန်းတည့် ၁၁ နာရီက ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ထို့နောက် စီမံကိန်းအကောင်အတည်ဖော်ရန် ကော်မတီဝင်များရွေးချယ်ဖွဲ့စည်းရာ ကျေးရွာသူ၊ ကျေးရွာသားများ၏ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ဥက္ကဌ ဒေါ်သန်းအိ ပါ ခုနှစ်ဦးကိုရွေးချယ်ကာ ကျုံးကျုံးကျကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေ လုပ်ငန်းအဖွဲ့ကို စနစ်တကျ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် ဆောင်းသီးနှံ သီးထပ်နေကြာ အပါအဝင် အခြား(ဆီထွက်သီးနှံ) စိုက်ပျိုးထုတ်လုပ်ကာ စိုက်ပျိုးစရိတ်၊ လိုအပ်သော မျိုးစေ့များ၊ သွင်းအားစုများ ဝယ်ယူရန်အတွက် တောင်သူများ လိုအပ်သော ငွေကြေးအရင်းအနှီးကို မြစိမ်းရောင် ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် အတိုးသက်သာစွာ ပံ့ပိုးပေးမည့် စီ မံကိန်းဖြစ်ကြောင်းသိရသည်။