ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၌ ကျေးလက်ရေပေးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုကို မိုင်းဆတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်တိုးနှင့်တာဝန်ရှိသူများက စက်တင်ဘာလ ၉ ရက်တွင် ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဆတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူး ဦးခင်မောင်တိုးနှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပါနန်(၁)ကျေးရွာ၊ ပါခါးကျေးရွာ ရေပေးရေးလုပ်ငန်းများဆောင်ရွက် ပြီးစီးမှုကို စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက် များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။
ထို့ပြင် ပါနန်(၁)ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း အရှည်(၃/၀)မိုင်၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းကို ခွင့်ပြုငွေကျပ် ၅၉ ဒဿမ ၃၈၈ သန်းဖြင့် လည်းကောင်း၊ ပါခါးကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း အရှည် (၂/၀) မိုင် ဖြန့်ဝေပိုက်လိုင်းပေ ၂၆၄၀၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းကို ခွင့်ပြုငွေကျပ် ၅၁ ဒဿမ ၃၂သန်းဖြင့် လည်းကောင်း ဇွန် ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။