Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကရင်ပြည်နယ်၌ ICT Foundation Course ဖွင့်ပွဲအခမ်းအနားကျင်းပ "

09 September 22

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ICT Foundation Course ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမ၌ ကျင်းပသည်။
ရှေးဦးစွာပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ခင်မမစံက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး၊ သင်တန်းကပို့ချသောဘာသာရပ်များအား ဝန်ထမ်းများအားလုံး ကြိုးစားသင်ယူကြစေလိုကြောင်းအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြ ဒေါ်အိမွန်ခိုင်မှ သင်ကြားပို့ချမည့် ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသူ/သားများနှင့်အတူ အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို ပြည်နယ်/ခရိုင်/မြို့နယ်များမှ ဝန်ထမ်း(၁၅)ဦးတက်ရောက်ခဲ့ကြပြီး (၁၄)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။