ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ဒိုးပင်ကျေးရွာ၌ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့က စက်တင်ဘာလ ၉ရက်တွင် ကွင်းဆင်းစစ်ဆေး သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးမှူးဦးမျိုးအောင်နှင့်အဖွဲ့က ဒိုးပင်ကျေးရွာတွင် ရွာတွင်းလမ်းကွန်ကရစ်ခင်း ခြင်းဆောင်ရွက်နေမှုအခြေအနေများကို စစ်ဆေးပြီး ကျေးရွာကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရွှေကျင်မြို့နယ် ဒိုးပင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် အရှည် ၄၀၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၆လက်မ ရှိသော ရွာတွင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဩဂုတ် ၁၉ရက်မှ စတင်၍ ကျေးရွာနေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ပြီး စီးပွားရေး၊လူမူရေး၊ ကျန်းမာရေးများအတွက်များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။