ရေတာရှည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနသည်(၂၀၂၂-၂၀၂၃ခုဘဏ္ဍာနှစ်တွင်
ကျေးရွာအုပ်စု(၉)ခု၊ကျေးရွာပေါင်း(၁၃)ရွာတွင် မြစိမ်းရောင်ဆီထွက်သီးနှံ၊ နေကြာစိုက်ပျိုးရေး အတွက်
ကော်မတီဝင်များအား တစ်ရက်တာ သင်တန်းပို့ချ၍ နေကြာမျိုးစေ့များအား ပေးအပ်ခြင်း အခမ်းအနားကို
စက်တင်ဘာ ၆ရက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပ
ခဲ့သည်။
အခမ်းအနားတွင်တောင်ငူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ဉီးစီးမှူးဉီးသန့်ဇင်မျိုးက
နေကြာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရန်သင့်လျော်သောကျေးရွာများရွေးချယ်ခြင်း၊ကွင်းဆင်းကြည့်ရှုခြင်း
ကျေးရွာအလိုက်ကော်မတီဝင်များရွေးချယ်ခြင်း၊စိုက်ပျိုးမြေဧကအလိုက် ရန်ုပုံငွေထုတ်ချေးခြင်း၊စီမံကိန်း
ကျေးရွာကော်မတီများနှင့် ဌာနချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကိုရှင်းလင်းပြောကြားသည်။
ထို့နောက်မြို့နယ်ဉီးစီးမှူးဉီးရန်နိုင်ညွန့်ကကျေးရွာအလိုက်ကော်မတီဉက္ကဌများအားနေကြာမျိုးစေ့
များအားပေးအပ်ခဲ့ပြီး စီမံခန့်ခွဲမှု တစ်ရက်တာသင်တန်းကို ဆက်လက်ဆောင်ရွက် ခဲ့သည်၊၊ ရေတာရှည်မြို့
တွင်မြစိမ်းရောင်(ဆီထွက်သီးနှံ)စိုက်မျိုးမြေဧက၁၂၀၀လျာထားကြောင်းသိရသည်၊၊