ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေဖြင့် ရိုးကြီးကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သော ကျေးရွာတွင်း ၄၀၀ဗို့ ဓာတ်အားလိုင်း တည်ဆောက်ပြီးစီးမှုကြောင့် ၂၄နာရီ လျှပ်စစ်မီးရရှိပြီးဖြစ်ကာ မီးရရှိမှုအခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက စက်တင်ဘာ ၇ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်လဲ့လဲ့မွန်နှင့် ဝန်ထမ်းများက ကျေးရွာတွင်း ၄၀၀ဗို့ ဓာတ်အားလိုင်းတည်ဆောက်ပြီးစီးမှုနှင့် မီးရရှိမှုအခြေအနေများကို စစ်ဆေး ကြပြီးကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ရေရှည်တည်တံ့ရေး အတွက် ကျေးရွာတာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားသည်။
အဆိုပါ ၄၀၀ဗို့ဓာတ်အားလိုင်း ပေ ၁၂၂၀ တည်ဆောက်ခြင်းကို ရိုးကြီးကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းမှ ရန်ပုံငွေကျပ်သိန်း ၁၀၀အသုံးပြု၍ ဩဂုတ် ၁ ရက်မှစတင်ကာ ကျေးရွာ ပြည်သူလူထုကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၇ရက်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ ၉၇အိမ်၌ ၂၄နာရီ လျှပ်စစ်မီးရရှိအသုံးပြုနေကြပြီးဖြစ်သည်။