ပဲခူးတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်၌ Cash For Workစီမံကိန်းရန်ပုံငွေကျပ်သိန်း ၂၇၀ဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေအဆင်ပြေစေရန်နှင့် ကျေးရွာအတွင်း ဒေသဖွံ့ဖြိုး မှုများရှိစေရေးအတွက် ကျေးရွာ ၂၇ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြ၍ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာတစ်ရွာလျှင် Cash For Workစီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀ဖြင့် ကျေးရွာ ၂၇ရွာတွင် မြေသားရေကန်းတိုးချဲ့ပြုပြင်ခြင်းလုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ကျေးရွာအဝင်လမ်းဂဝံလမ်းခြင်းလုပ်ငန်း၊ ရွာတွင်းမြေသားလမ်းခင်းခြင်းလုပ်ငန်း၊ ရွာတွင် လမ်းဂဝံခင်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေမြောင်းပြုပြင်ခြင်းလုပ်ငန်း၊ ရေဆိုးထုတ်မြောင်းတူဖော်ခြင်း လုပ်ငန်း၊ရွာတွင်းလမ်းကျောက်ရောမြေခင်းခြင်း၊Pipe Culvertတည်ဆောက်ခြင်းလုပ်ငန်း၊ ရွာတွင်း မြေနီခင်းခြင်းလုပ်ငန်း၊လက်နှိပ်တုံကင်တပ်ဆင်ခြင်း၊ ကွန်ကရစ်ဘီးလမ်းခြင်းလုပ်ငန်း စုစုပေါင်း လုပ်ငန်းပေါင်း ၂၇ခုအား ဇူလိုင်လမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ၇၀%ပြီးစီးပြီး ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ဌာနမှ အဆိုပါစီမံကိန်းကို ကျေးရွာများတွင် ဆောင်ရွက်ပေးရခြင်းမှ ကိုရိုနာ ဗိုင်းရပ်ကူးစက်ရောဂါနှင့် အခြားသော ဘေးအန္တရာယ်များ၏ အကျိုးဆက်များကြောင့် လူမှုစီးပွား ဘဝထိခိုက်ခံစားရသည့် ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာနေပြည်သူများ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေရန် ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးမှုများဖွံ့ဖြိုးတိုးတက်ရေးစေရန်နှင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ်ကို အထာက်အကူပြုနိုင်ရန်အတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြသည်။
အဆိုပါ စီမံကိန်းပြီးစီးပါက ကျေးရွာ ၂၇ရွာရှိ အိမ်ခြေ ၄၈၀၉အိမ်နှင့် လူဦးရေ ၂၃၃၉၃ဦး တို့၏ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေစေခြင်း၊ ကျေးရွာ ၏လယ်ယာကဏ္ဍာဖွံ့ဖြိုးမှုကို များစွာအထာက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။