ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့က ဘူသီးတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက အမှာစကားပြောကြားရာတွင် စံပြဆုရရှိသည့် ကျေးရွာများအား ဂုဏ်ပြုပါကြောင်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက် ရေးဆွဲသင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများကလည်း သင်တန်းမှရရှိမည့် ဘာသာရပ်များအား ကြိုးစားသင်ယူ စေလိုကြောင်း ပြောကြား ခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်က စံပြဆုရရှိသည့် ကျေးရွားကဲ့သို့ ကျန်ကျေးရွာများလည်း ကြိုးစား စေလိုကြောင်း ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထိ မြို့ နယ်အတွင်း ဆောင်ရွက်လျက်ရှိိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စွမ်းဆောင်ရည်အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ရရှိသည့် ဘူးသီးတောင်မြို့နယ် မြို့မစေတီတောင်ကျေးရွာနှင့် ငကျဉ်တောက် ကျေးရွာမှ ကော်မတီဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။