ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၏၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသံပန်းသံဂဟေဆက်သင်တန်း အမှတ်စဉ်၂/၂၀၂၂ဖွင့်ပွဲအခမ်းအနားကိုစက်တင်ဘာလ ၆ရက်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဉီးစီးဌာနရုံး အစည်းအဝေးခန်းမ တွင်ပြုလုပ်ခဲ့သည်၊၊
ရှေးဉီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဉီးထွန်းထွန်းလင်းကအဖွင့် အမှာစကားပြောကြားသည်၊၊ ထို့နောက် တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန ခရိုင်ဉီးစီးမှူးဉီးသန့်ဇင်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့်သင်တန်းကာလတွင် ကြိုးစား သင်ယူကြရန်ပြောကြားသည်၊၊ မြို့နယ်ဉီးစီးမှုးဉီးရန်နိုင်ညွန့်ကတက်ရောက်လာသောသင်တန်းသား၂၀ အတွက်သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပြီးသင်တန်းကာလမှာရက်၂၀ဖြစ်ကြောင်းသိရသည်၊၊