Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး"

31 August 22

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံဂရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိုင်းဝ(အောက်) ကျေးရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ဩဂုတ်လ (၃၀) ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစိုင်းစိုးဌေး၊ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်း၊ မြို့နယ်ဦးစီးမှူး ဦးသက်ညီညီနှင့် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများသည် မို်ငးဝ(အောက်) ကျေးရွာတွင် ကျေးလက်ရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်ယူခြင်း (၂)မိုင်နှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး မှာကြားသည်။

          အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂ ဒသမ ၇၂၈ သန်းဖြင့် အောင်ခန့်ကျော်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။