Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်ခြင်း

31 August 22

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ (၉) ရွာအား   စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း နှင့်‌ ကော်မတီ  ဖွဲ့စည််းခြင်းတို့အား မြို့နယ်ဦးစီးမှူး ၊ ဦးအောင်ထွန်း ခေါင်းဆောင်ပြီး တာဝန်ခံ  ဝန်ထမ်းများဖြင့် ကျေးရွာ  တစ်ရွာချင်း အလိုက်   ဩဂုတ်လ ဒုတိယပတ်က စတင်ပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ရမ်းဗြဲမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာအဖြစ် ရေးဆွဲ ဆောင်ရွက်မည့် ကျေးရွာများအား မြို့နယ်ဦးစီးမှူးမှ စီမံကိန်း အကြောင်းအသေးစိတ် ရှင်းလင်းပြောကြားခြင်းများအား ဆောင်ရွက်ပေးခဲ့ပြီး၊ ကျေးရွာသားများမှ စီမံကိန်းအကြောင်း မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းကာ ပြန်လည်ရှင်းလင်း ဆွေးနွေးမှုများ  ဆောင် ရွက်ပြီး ၊ ကျေးရွာ တစ်ရွာ ချင်းအလိုက် အများသဘောတူညီချက်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီဝင်များကို ကျေးရွာတစ်ရွာချင်း အလိုက် ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်းနှင့်ရမ်းဗြဲမြို့နယ်‌ တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ကျေးရွာများအဖြစ်   ကျေးရွာ (၉) ရွာအား ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပြီး မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးရွာများမှာ ချောင်းဘွယ်ကျေးရွာ၊ နားမူးတွေ ကျေးရွာ၊   မြို့တောင်ရင်း ကျေးရွာ၊ ရွှေတောင်ကျေးရွာ ၊ မှော်ရုံကျေးရွာ ၊ တောင်ပေါ်ကျေးရွာ ၊ င/တပါးကျေးရွာ၊ တိန်ပြင်ကျေးရွာ ၊ ထိန်တွေကျေးရွာများ ဖြစ်ကြောင်းသိရှိရပါသည်။