Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၌ ပြည်သူ+ကျေးလက်+ယူနီဆက် ပူးပေါင်းဆောင်ရွက်သော ရေပေးရေးလုပ်ငန်းဆောင်ရွက်ခြင်း

28 August 22

    ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်း ပြည်သူ၊ ကျေးလက်၊ ယူနီဆက်တို့ ပူးပေါင်း ဆောင်ရွက်ပြီး အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် ရေရယူသုံးစွဲနေကြပြီ ဖြစ်သော ခမောင်းခြေတိုင် ကျေးရွာ အုပ်စု ရွာသာယာကျေးရွာသို့ ကျောက်ဖြူခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်သက်ဦးနှင့် ဝန်ထမ်းများက ဩဂုတ် ၂၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ   မြို့နယ်ဦးစီးမှူး၊    ဦးအောင်ထွန်းက ရွာသာယာ ကျေးရွာ၌ ပြည်သူ၊ ကျေးလက်၊ ယူနီဆက်ပူးပေါင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျေးရွာအတွင်း အိမ်တိုင်အစေ့ရေမီတာစနစ်ဖြင့် ရေရယူသုံးစွဲနေကြမှု အခြေအနေများ တောင်ကုန်းပေါ်တွင် ရေစုကန်တည်ဆောက်ထားမှု၊ ရေကန်အနီး၌ ဆိုလာ များ တပ်ဆင်ထားမှုနှင့် ရေစုကန်ပေါ်သို့ ရေတင်ပြီး ရေရယူသုံးစွဲနေမှုတို့ကို  ရှင်းပြခဲ့ပြီး ခရိုင်ဦးစီးမှူးမှ ကျေးရွာရေကော်မတီဝင်များအား ယခုကဲသို့ ပြည်သူ၊ ကျေးလက်၊ ယူနီဆက်တို့ ပူးပေါင်း  ဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ရေရယူ သုံးစွဲနေကြသည်ကို မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ရေရယူသုံးစွဲမှုအား ရေရှည်အသုံးပြုနိုင်ရေး ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် စနစ်တကျသုံးစွဲပြီး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် နှင့် ရွာသာယာကျေးရွာသည် ယခင်က မြေသားရေကန်မှ ရေကို သယ်ယူသုံးစွဲနေကြရာမှ ယခုအခါ ရေမီတာစနစ်ဖြင့် အိမ်တိုင်းစေ့ အိမ်တိုင်ရာရောက် ရယူသုံးစွဲနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။