Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဂွမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား မိတ်ဆက်ရှင်းလင်းခြင်း

29 August 22

         ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်မည့် အရင်းမပျောက် လည်ပတ် ရန်ပုံငွေမြစိမ်းရောင်ကျေးရွာ စီမံကိန်း ထပ်တိုး ဆောင်ရွက်မည့် Type-1 အမျိုးအစား ကျေးရွာ(၂) ရွာဖြစ်သည့်  ကြွေချိုင်အုပ်စု၊ ကူးတို့လေးကျေးရွာ နှင့် ကင်းပုံ အုပ်စု ကမ်းသာယာ ကျေးရွာ တို့တွင် မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော် နှင့် မြို့နယ် မြစိမ်း ရောင်စီမံကိန်းတာဝန်ခံတို့မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြစ်ပေါ်လာပုံ၊ စီမံကိန်းတွင် လိုက်နာဆောင်ရွက်ရမည့်အရာများ   နှင့် လုပ်ဆောင်ရည့်အချက်များကို ရှင်းလင်းပြောကြားသွားကြောင်း သိရှိရပါသည်။