ရခိုင်ပြည်နယ်၊စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် ပေါက်တောမြို့ နယ်၊ ရွာချောင်းကြီးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်လျက်ဟိရာ အဂုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊အဆိုပါဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ပေါက်တောမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးဦးသန်းထွန်းနှင့် တာဝန်ခံ အင်ဂျင်နီယာတို့မှ နံနက်ပိုင်းအချိန်တွင် ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာသူ/ကျေးရွာသားများအနေ ဖြင့် လမ်းရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ် ကြောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အဆိုပါကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းမှာ အလျား (ရ၈၀ ပေ)၊ အနံ(၆ပေ)၊ ထု(၆လက်မ)ရှိကြောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ထံမှ သိရှိ ရပါသည်။