Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် တတိယအကြိမ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေးမှု ကွင်းဆင်းခြင်း သတင်းပါရှိမှုမှတ်တမ်း

29 August 22

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ရွာသာယာကျေးရွာတွင် သြဂုတ် ၂၅ ရက်နေ့တွင် တတိယအကြိမ်ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေးပေးခဲ့ပါသည်။

အခမ်းအနားတွင် ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဇော်မှလုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်သူများနှင့်အသေးစား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိနိုင်စေရန် မိမိဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ တတိယအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကျေးလက်ဝန်ထမ်းများမှ ကြီးကြပ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလည်ပတ် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးနိုင်ဝင်းစိုးနှင့်အဖွဲ့ဝင်များက အသင်းသား(၉၆)ဦးသို့ ငွေကျပ် (၂၉၄) သိန်းကို စနစ်တကျ ထုတ်ချေးပေးခဲ့ပါသည်။