Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ကုန်ထုတ်လမ်းနှင့်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီး

29 August 22

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျောင်းစု (အနောက်)ကျေးရွာ၌ စိုက်ဧက ၂၅၀ မှထွက်ရှိသည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး ဆောင်ရွက် လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

                   မလှိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၄၂ ဒဿမ ၈၈ သန်းဖြင့် အရှည် (၀/၄ ဒဿမ ၅)မိုင်ရှိသည့် ကျောင်းစု(အနောက်)ကျေးရွာကုန်ထုတ်လမ်းကို မြေသားတင် ဂျင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် အရှည်ပေ ၆၀၊ အကျယ်ပေ ၂၀ ရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လတတိယပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

                   အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ ကျောင်းစု(အနောက်)ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ စိုက်ပျိုးဧက ၂၅၀ မှ ထွက်ရှိသည့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။