Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရိုင်/မြို့နယ်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းကို Vedio Conferencing စနစ်ဖြင့်ကျင်းပ"

26 August 22

ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘားအံမြို့ ၊လှာကမြင်ကွက်သစ်၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမှ၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးကို ခရိုင်/မြို့နယ်များမှ Vedio Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်မှ ဝန်ထမ်းအင်အား အခြေအနေနှင့် သတင်းထုတ်ပြန်မှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ၊ ငွေထုတ်ယူသုံးစွဲမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသွားရန်၊ အခက်အခဲများရှိပါကလဲ ရင်းနှီးပွင်းလင်းစွာတင်ပြသွားရန် အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသော ခရိုင်/မြို့နယ်ဦးစီးမှူးများမှ
မိမိခရိုင်/မြို့နယ်များအလိုက် စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများ၊ ငွေထုတ်ယူသုံးစွဲမှုအခြေအနေများ၊ ဝန်ထမ်းအင်အားအခြေအနေနှင့် သတင်းထုတ်ပြန်မှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးကို ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ ဖာပွန်ခရိုင်၊ မြဝတီခရိုင်၊ ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြဝတီမြို့နယ်မှ ဦးစီးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။