Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်လှစ်ခြင်း"

17 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းကို ဖားချောင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့ပါသည်။

          အဆိုပါသင်တန်းဖွင့်ပွဲကို သြဂုတ်လ(၁၅)ရက်နေ့ ၊ နံနက် (၉)နာရီအချိန်တွင် မြဝတီမြို့နယ် မြို့နယ်ဦးစီးမှူး ဦးငွေစိုးမှကြီးမှူးကျင်းပ၍ ဖိတ်ကြားထားသောဌာနဆိုင်ရာ အသီးသီးမှ ဧည့်သည်တော်များနှင့် ဖားချောင်းကျေးရွာရပ်မိရပ်ဖများတက်ရောက်ကြပါသည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးငွေစိုးမှ ကျေးရွာနေပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မိမိတို့ အိမ်တွင်းနှင့်ကျေးရွာရှိနေအိမ်များတွင် အန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဝိုင်ယာသွယ်တန်း တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြများက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြား ပြီးတက်ရောက်လာကြသည့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းလျှပ်စစ် သွယ်တန်းနည်းသင်တန်းသို့ မြဝတီမြို့နယ်၊ ဖားချောင်းကျေးရွာမှ သင်တန်းသားဦးရေ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကို (၁၅.၈.၂၀၂၂)ရက်နေ့မှ (၂၈.၈.၂၀၂၂)ရက်နေ့ထိ (၁၄)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။