ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာနတို့နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန် ထုတ်လုပ် နည်း (Bakery & Snack) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၂ ရက် နံနက်(၁၁)နာရီက ကျင်းပခဲ့ ကြောင်း သိရသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာအဆင့် ဆင့်ကို (၇)ရက်ကြာ သင်တန်းသား၊ သင်တန်းသူ(၂၀)အား စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ ကြောင်းသိရသည်။