Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် မမျိုးစုကျေးရွာတွင် တတိယအကြိမ်စီမံကိန်းရန်ပုံငွေထုတ်ချေး‌

26 August 22

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မမျိုးစုကျေးရွာ၌ သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၂ နာရီကပြည်သူများလိုအပ်သော အရင်းအနှီးရရှိ၍ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ တတိယအကြိမ်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ယဥ်ယဥ်ဌေးက အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများလုပ်ကိုင်နိုင်ရန်  အသင်းသား ၆၀ အား ချေးငွေစုစုပေါင်းငွေကျပ် ၉၈ သိန်းကို ကျေးလက်ဝန်ထမ်းများကကြီးကြပ်၍ VRFP မတည်ရန်ပုံငွေ ကျေးရွာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမင်းဆွေနှင့်ကော်မတီဝင်များက စနစ်တကျထုတ်ချေးပေးခဲ့ သည်။

          အတိုးနှုန်းမှာ ငွေကျပ် ၁၀၀လျှင် တစ်လပြား ၅၀ နှုန်းဖြစ်ပြီး ခြောက်လ အတိုးဆပ်၊ တစ်နှစ်ပြည့်အတိုးအရင်းဆပ် စနစ်ဖြစ်ကြောင်း သိရသည်။