Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံ တောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၂၅၀၀ ထုတ်ချေးပေးသွာမည်

23 August 22

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံ တောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် သိန်း ၂၅၀၀ ကို ထုတ်ချေးပေး သွားမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

                   ၂၀၂၂-၂၀၂ ခုဘဏ္ဍာနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မလှိုင်၊ သာစည် မြို့နယ်တို့မှ ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးသွွွွွားမည်ဖြစ်သည်။ ယင်းမြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာရှိ အိမ်ထောင်စု၊ ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူနှင့် စိုက်ဧကများ အပေါ်လိုက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်အတွင်းရှိ ဆီထွက်သီးနှံ စိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာတွင် ဆီထွက်သီးနှံ စိုက်ပျိုးသောတောင်သူ ၁၀၁ အထက်ရှိသည့်ကျေးရွာ (၄)ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၃၀၀ သိန်း ထုတ်ချေး သွားမည်ဖြစ်သည်။ ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူ ၅၀ နှင့်  ၁၀၀ ကြားရှိ ကျေးရွာ(၃)ရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၂၀၀ သိန်း ထုတ်ချေးသွားမည်ဖြစ်သည်။ ထို့ပြင်ဆီထွက် သီးနှံစိုက်ပျိုးသော တောင်သူ ၅၀ အောက်ရှိ ကျေးရွာ (၇)ရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၁၀၀ သိန်း ထုတ်ချေးသွားမည်ဖြစ်သည်။

                   အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စီမံကိန်းကျေးရွာများမှ ဒေသခံ တောင်သူများက ဆီထွက်သီးနှံဖြစ်သည့် နေကြာကို အဓိကစိုက်ပျိုးသွားမည်ဖြစ်ပြီး မြေပဲ၊ နှမ်းနှင့် အခြားဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။