Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် ရှမ်းစုလေးကျေးရွာတွင် (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး‌ပေး

24 August 22

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းစုလေးကျေးရွာတွင် သြဂုတ် ၂၂ ရက်နံနက် ၁၁ နာရီက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ (VRFP) စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခဲ့သည်။

          အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေသက်ဟန်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့်တွေ့ကြုံနေရသော အခက်အခဲများကို ကုစားပေးနိုင်ရန်၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် စီမံကိန်းရန်ပုံငွေများကို အကျိုးရှိစွာအသုံးပြုရန် တလွဲအသုံးမပြုကြရန်၊ စီမံကိန်းရေရှည်တည်တံ့စေရေး ဝိုင်းဝန်း ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ စနစ်တကျထိန်းသိမ်းကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။

          ထို့နောက် VRFP စီမံကိန်းရန်ပုံငွေကျပ် ၁၉၆ သိန်းအား အသင်းသား ၅၁ ဦးသို့ စိုက်ပျိုးရေး၊မွေးမြူရေး၊အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကကြီးကြပ်ကာ ကျေးရွာ VRFP စီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဌ ဦးတင်မျိုးနှင့်အဖွဲ့ဝင်များက စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။