Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်နည်း(Bakery & Snack) သင်တန်းဖွင့်

23 August 22

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာနတို့နှင့် ပူးပေါင်း၍ ဩဂုတ်လ ၁၆ ရက် နံနက်(၁၁)နာရီက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်ထုတ်လုပ်နည်း (Bakery & Snack) သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က အချိန်တိုအတွင်း သင်ကြားရာတွင် အတက်လွယ်သည့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတက်ပညာတစ်ခုဖြစ်သောကြောင့် မိသားစု၊ တစ်ပိုင်တစ်နိုင် အလုပ်အကိုင်အခွင့်အလမ်း ရရှိကာ အပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေစေရန် စားသောက်ကုန်ပစ္စည်းထုတ်လုပ်နည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။

          ဆက်လက်၍ သင်တန်းနည်းပြဆရာမ၊ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်မြတ်သန္တာအောင်က သင်တန်းစည်းကမ်းနှင့် သင်ကြားပို့ချပေးမည့်  (Bakery & Snack) သင်တန်းအကြောင်း ရှင်းလင်ပြောကြားသည်။

          အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများက စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ အဆင့် ဆင့်ကို (၇)ရက်ကြာ သင်တန်းသား၊ သင်တန်းသူ(၂၀) အား စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည် ဟုသိရသည်။