Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

21 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၉ရက်နေ့ နံနက် ၁၀ နာရီတွင် သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
        ရှေ့ဦးစွာ ပဲဲဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က သာယာဝတီခရိုင်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ဆောင်ရွက်ရန်သတ်မှတ်ချက်နှင့် ကိုက်ညီသည့်အိမ်ခြေ ၅၁နှင့် ၁၀၀ကြားရှိသော မာလကာကုန်းကျေးရွာ၊ဇရပ်ကြီး(ထက်)ကျေးရွာ၊ညောင်ပင်သာကျေးရွာ၊ဆင်တဲကုန်းကျေးရွာ၊ ကရင်ချောင်ကျေးရွာတို့အား မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံ ငွေ ကျပ် ၂၀သန်းအားလည်းကောင်း၊အိမ်ခြေ ၅၀အောက်ရှိသော ရွာမကျေးရွာ၊ဂုံညင်းတန်းကျေးရွာ၊ချောင်းနားကျေးရွာ၊နီလာကုန်းကျေးရွာ၊ကိုင်းတောစုကျေးရွာ၊တာဆိုး​​မြောက်ကျေးရွာ၊ဌက်ပျောတောကျေးရွာ၊ရေကျော်ရွာမကျေးရွာ၊လှည်းပြင်တင်(ရွာမ)ကျေးရွာ၊ပတ်တန်းလေးကျေးရွာ၊အုတ်တွင်းကျေးရွာ၊တောင်ယာဖျားကျေးရွာ၊ချောင်းနာစုကျေးရွာ၊ထူးကုန်းကျေးရွာ၊သရက်ပင်ဆိပ်(ရွာမ)ကျေးရွာ၊အောင်ချမ်းသာကျေးရွာတို့အား မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ကျပ် ၁၀သန်းအားလည်းကောင်း ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တောင်သူများဆောင်းနေကြာစိုက်ပျိုးနိုင်ရေး မျိုးစေ့များဝယ်ယူနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနများမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
      ဆက်လက််၍စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်က မိမိတို့ဌာနအနေဖြင့်လည်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများကို လိုအပ်သည်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
 အဆိုပါလုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးအောင်၊သာယာဝတိခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မာမာအောင်၊သာယာဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းလွင်၊မြို့နယ်ဦးစီးမှူးများနှင့်မြစိမ်းရောင်စီမံကိန်းတာဝန်ခံဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။။