Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများစစ်ဆေး

22 August 22

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် သာယာဝတီခရိုင်အတွင်း မြို့နယ်များရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ​ ​များကို ဩဂုတ် ၂၁ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
   ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ကို ခွင့်ပြုငွေကျပ်သိန်း ၁၀၀ဖြင့် ဆောင်ရွက်နေသော လက်ပံတန်းမြို့နယ် အလယ်စုကျေးရွာ၌ အရှည် ၂၇၀၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသော ရွာတွင်းလမ်းဂဝံမြေနီခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ အုတ်ဖိုမြို့နယ် ဇီးပင်ကွင်းကျေးရွာ၌ အရှည် ၂၆၇၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသောကျေးရွာတွင်လမ်းဂဝံခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ကြို့ပင်ကောက်မြို့နယ် ပန်းတင်ကျေးရွာ၌အရှည် ၄၃၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မရှိသော ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားလည်ကောင်းကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက မင်းလှမြို့နယ် ကျောက်တိုင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင် မပျောက်လည်ပတ်ရန်ပုံငွေဖြင့်ဆောင်ရွက်နေသော ဝက်မွေးမြူးရေးလုပ်ငန်းနှင့်ကွန်ပျူတာမိတ္တူလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊အဆိုပါကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ် ၆၅သိန်းဖြင့် ဘတ်စုံံသုံးခန်းမတည်ဆောက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။