Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ စစ်ဆေး

19 August 22

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်း)ဦးဟန်မြင့်ထွန်းနှင့် အဖွဲ့တို့က ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၁၇ရက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

          အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၂၅ ဒသမ ၀၇သန်းဖြင့် တုနှိုင်းမဲ့ဧကရီကုမ္ပဏီမှတာဝန်ယူ၍ ကြို့ကုန်း(မဟာသိုက်ကုန်း)ကျေးရွာနှင့်ထန်းကုန်းကေျးရွာ၌ ကုန်ထုတ်လမ်းလုပ်ငန်းအားလည်းကောင်း၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၅ ဒသမ ၄၆၂၅သန်း ဖြင့် ပျူတိုင်းသားကုမ္ပဏီမှ တာဝန်ယူ၍ ကြို့ကုန်းကျေးရွာ၌ ရေပေးရေးလုပ်ငန်းအားလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေ ၂၂ဒသမ၅သန်းဖြင့် စိမ်းရောင်စိုကမ္ဘာကုမ္ပဏီမှ တာဝန်ယူ၍ ဇယ်မကျေးရွာ၌ ရေပေးရေးလုပ်ငန်းများ တို့ကိုလည်‌ကောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။