ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် Cash for Workစီမံကိန်းဖြင့် ရွာလှ ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၁၈ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးဦးယုနိုင်လင်းနှင့်ဝန်ထမ်းများက ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မြေသားရေကန် တူးဖော်မှုနှင့် မြေနီကျောက်စရစ်ခင်းခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ အတွင်းလုပ်ငန်းများအားလုံးပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
ပေါင်းတည်မြို့နယ် ရွာလှကျေးရွာ၌ Cash for Workစီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် အလျား ၉၀ပေ၊ အနံ ၉၀ပေ၊အမြင့် ၄ပေရှိသော မြေသားရေကန်တူးဖော်ခြင်းနှင့် အရှည်ပေ ၂၁၀၀၊ အကျယ် ၁၂ပေ၊ ထု ၃လက်မရှိသော မြေနီကျောက်စရစ်ခင်းခြင်းကို ဇူလိုင်လ စတုတ္တပတ်မှ စတင်၍ မြိုနယ်ကျေးလက်ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူများကိုယ်တိုင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၅ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။