ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီ လက်ထောက်ညွှန်ကြားရေးမှုး၊ ဦးအောင်သူမြင့် ဒုတိယဦးစီးမှူး နှင့်အဖွဲ့သည် အမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း (Type-4) လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့် အမ်းမြို့နယ် လုံးကောက်အုပ်စု၊ ခရမ်းကျွန်းကျေးရွာ + ငလက်ကျကျေးရွာ (၂)ရွာပေါင်း (၁)ယူနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါကျေးရွာများသို့ ၁၅.၈.၂၀၂၂ ရက်နေ့တွင် ကွင်းဆင်းကာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံ၍ စီမံကိန်းအကြောင်းအရာများ မိတ်ဆက်ရှင်းလင်းခြင်း၊ကျေးရွာလူထုမှ မဲစနစ်ဖြင့် ရွေးချယ်သည့် ကျေးရွာမြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုအား ကော်မတီဖွဲ့စည်းခဲ့ပြီး ၎င်းနောက် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၂၇.၀၀)သန်းဖြင့် ဖြိုးဝေဝေကုမ္ပဏီမှ အမ်း မြောက်အုပ်စု၊ နေကာရွာသစ်ကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း (၁/၀)မိုင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။